Follow Us

October 2019 Archive News

ထားဝယ် အောက်တိုဘာ  ၁၈

          ယနေ့ ညနေ ၁၅၀၀ နာရီ အချိန်တွင် တိုင်းဒေသကြီးအားကစားကွင်း၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင် အသင်းနည်းပြများ၊ အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများ တက်ရောက်ခဲ့ပါသည်။

ထားဝယ် အောက်တိုဘာ  ၉

          ယနေ့ နံနက် ၀၈၀၀ နာရီ အချိန်တွင် ထားဝယ်မြို့၊ လူငယ်ရေးရာကော်မတီရုံးခန်း(ယာယီ) ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ  အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဦးဟိုပင်၊ အမျိုးသာလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လူငယ် ရေးရာကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

Pages