Follow Us

September 2019 Archive News

ထားဝယ်   စက်တင်ဘာ   ၁၀

          ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီးအဆင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်နှင့် တိုင်းဒေသကြီးအဆင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

ထားဝယ်  စက်တင်ဘာ   ၅

          ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအင်န်ယူ)အဖွဲ့ တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ် များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Pages