Follow Us

August 2019 Archive News

ထားဝယ်   သြဂုတ်  ၂၂

          ယနေ့ နံနက် ၁၀ နာရီ ၃၀မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ ၂၀၁၈ခုနှစ်အတွက် စံပြမြို့နယ်ဆေးရုံနှင့်စံပြတိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်နို့တိုက်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

ယနေ့နံနက် ၉ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်၊ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှုနှင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ကျောင်းသူများ၊ ကိုယ်ဝန်ဆောင်နို့တိုက်မိခင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်း တင်ဒါဖွင့်ဖောက်စစ်ဆေး ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တိုင်းဒေသကြီးစာရင်းစစ် ချုပ်၊ တင်ဒါကော်မတီဝင်များ၊ တင်ဒါအဆိုပြုတင်သွင်းသူများ၊ သတင်းမီဒီယာများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နံနက် ၁၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး  အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက် ရေးအေဂျင်စီ၏ (၁/၂၀၁၉) အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီး MSME Agency နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တိုင်းဒေသကြီး MSME Agency ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး MSME Agency အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာအ

Pages