Follow Us

July 2019 Archive News

(၉.၇.၂၀၁၉) နံနက် (၉)နာရီအချိန်တွင် ထားဝယ်မြို့ Diamond Crown  Hotel ၌ တနင်္သာရီတိုင်း ဒေသကြီးအမျိုးသမီးကော်မတီ၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် သင်္ဂဟ ဂျဲန်ဒါ အဖွဲ့တို့ပူးပေါင်းပြီး သက်ဆိုင်ရာအစိုးရဌာနဆိုင်ရာဝန်ထမ်းများအား ဂျဲန်ဒါဆိုင်ရာ စွမ်းဆောင် ရည်မြှင့်တင်ပေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်္ဂဟဂျဲန်ဒါအဖွဲ့အစည်း အမှုဆောင်ဒါရိုက်တာနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာဝန်ထမ

ယနေ့ နေ့လယ်(၂) နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ တနင်္သာရီတိုင်းဒေသကြီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

ယနေ့ နေ့လယ်(၁၂) နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ (၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ပါသည်။

ယနေ့ နံနက်(၁၀)နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍  အစည်းအဝေးကျင်းပ ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နေ့လယ်(၃)နာရီခွဲအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ PTTEP International Limited မှ Environmental Impact Assessment (EIA) လုပ်ငန်းအစီအစဉ်များ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနား သို့  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ PTTEP International Limitedမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နေ့လယ်(၂) နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ၌ ထားဝယ်မဂ္ဂဇင်းထုတ်ဝေနိုင်ရေးအတွက် ထားဝယ်မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီးအတွင်း  လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍  Precise System and Project Co.,Ltd က လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနား ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများ၊ Precise System and Project Co.,Ltd မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နံနက် (၁၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ထပ်ဆင့်ချီးကျူးဂုဏ်ပြုပွဲ (ဂုဏပူဇာ) နှင့် ၂၀၁၉ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှ အဖွဲ့ဝင်များ  တက်ရောက် ခဲ့ပါသည်။

ယနေ့ နံနက်(၉)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောမြို့၊ အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ လူငယ်နှင့် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ရာ စကားဝိုင်းသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ပါသည်။

Pages