Follow Us

July 2019 Archive News

(၇၂)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ယနေ့ နံနက် (၇)နာရီအချိန်မှ (၁၀)နာရီ အချိန်အထိ ထားဝယ်မြို့၊ အာဇာနည်အထိမ်းအမှတ်ရင်ပြင်၌ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၊ မြို့မိမြို့ဖများနှင့် ပြည်သူလူထုများက အာဇာနည်ခေါင်းဆောင်ကြီးများအား လွမ်းသူ့ပန်းခွေချခြင်းနှင့် အလေးပြုခြင်းများပြုလုပ်ခဲ့ပါသည်။  

ယနေ့ နံနက်(၉)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ (၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေ

တိုင်းဒေသကြီးအစိုးရအဖွဲ့ က ကြီးမှူး၍ ယနေ့ နံနက်(၅) နာရီခွဲ အချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အား ရည်စူး၍ (၇၂)နှစ်မြောက် အာဇာနည်နေ့တွင် ပင့်သံဃာများကို အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်

ယနေ့ နံနက်(၉)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံ ကြီး၊ အမျိုးသားသွေးလှူဘဏ်သို့ ရောက်ရှိ၍ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် သန့်စင်သောသွေး လူသားအားလုံး ရရှိရေးအတွက် MPT ၏ (၈)ကြိမ်မြောက် နှလုံးသားထဲကမြန်မာ နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းမှု ပြုလုပ်နေမှုအား  ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ယနေ့ နေ့လယ်(၃)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌  Sein Htai Company Limited နှင့် နယ်သာလန် အခြေစိုက် Tipper- Deep Detection Technology(TDD) တို့ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြေအောက်အပူစွမ်းအား  Geo-Plutonic  Earth Energy ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်း အစီအစဉ်များ လာရောက်ရှင်းလင်းတင်ပြသည့် အခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ တိုင်းဒေသကြီးအစိုးရ

ယနေ့ နံနက်(၇)နာရီ (၁၀)မိနစ်အချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ် မြို့နယ်၊ တလိုင်းတောင်ကျေးရွာအုပ်စု၊ ကသန်းကျေးရွာသို့ ရောက်ရှိ၍ ကသန်း အ.မ.က ကျောင်းတွင် ကျောင်းဆောင်သစ်(၁)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေး၍ ပြန်လည် ထွက်ခွာလာရာ ကျောက်မဲတောင်-မြေးခံဘော် လမ်းသို့ရောက်ရှိပြီး လမ်းအား (၁၂)ပေအကျယ် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစ

ယနေ့ နေ့လယ်(၂)နာရီ(၁၅)မိနစ် အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ပိန္ဒဲတောရပ်ကွက်၊ လောကမာရဇိန်ဘုရားကြီးဓမ္မာရုံ၌ ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့်  ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပ

(၁၃.၇.၂၀၁၉)ရက်နေ့ နေ့လယ်(၂)နာရီအချိန်တွင် ထား၀ယ်မြို့၊ ရွှေ၀ယ်သီရီအားကစား ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံလက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်အမျိုးသား/ အမျိုးသမီးများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (နဝမ)အကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့် သီလရှင် ဆရာလေးတို့အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏပူဇာ)အခမ်းအနားကို ၁၃၈၁ခုနှစ်၊ ဝါဆို လဆန်း (၁၁)ရက် နေ့လယ်(၁)နာရီအချိန်တွင် ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရား သူကြီးချုပ် ဦးတင်အောင်၊ တိုင်းဒေသကြီးလွှတ်တော်ဒ

(၁၀-၇-၂၀၁၉)ရက်နေ့ နံနက် (၇)နာရီခွဲ အချိန်တွင်  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ သို့ ရောက်ရှိခဲ့ပြီး (ခ)ရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဆရာဝန်နေအိမ် (၂)ခန်းတွဲ (၁)ထပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၃)ထပ်ဆောင် ဆောက်လုပ်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၍ ပြန်လည်ထွက်ခွာလာရာ (၈)နာရီ (၄၀)မိနစ်အချိန် ကလိန်အောင်မြို့ တိုက်နယ် ဆေးရုံသို့ ရောက်ရှိပ

Pages