Follow Us

June 2019 Archive News

ယနေ့ မွန်းလွဲ (၃) နာရီအချိန်တွင်  တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို နှင့် ကော်မတီဝင်များဖြစ်ကြသော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံအလယ်ပိုင်း စီးပွားရေးလုပ်ငန်းရှင်များ ဒေသတွင်းကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့်စီးပွားရေး လုပ်ငန်းများညှိနှိုင်းဖလှယ်ပွဲကို ဇွန်လ(၅)ရက်၊ မွန်းလွဲ (၂)နာရီက မြိတ်မြို့၊ GRAND JADE HOTEL တွင် ပြုလုပ်ခဲ့ပါသည်။

ယနေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်း အနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့  အတွင်းရေးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ NGO/ INGO အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါ သည်။

တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်သည် တရားရေး ဦးစီးမှူး ဒေါ်အေးအေးသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန် ၅ ရက် နံနက်ပိုင်းက ထားဝယ် မြို့မရဲစခန်း (အချုပ်ခန်း)ရှိ အချုပ်သား/သူနှင့် ထားဝယ်အကျဉ်းထောင်ရှိ အကျဉ်းသား/သူများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ယနေ့၊ နံနက်(၁၀)နာရီခွဲ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ တနင်္သာရီတိုင်းဒေသကြီး ပညာရေးကဏ္ဍဖွံ့ဖြိုးရေးအတွက် မြန်မာအတ္တလန်တစ်ကုမ္ပဏီလီမိတက် မှ ငွေကျပ်(၅၀)သိန်း (ကျပ်ငါးဆယ်သိန်းတိတိ)အား ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ နှင့်အတူ ဇွန်လ ၄ ရက်နေ့ ၊ နံနက်ပိုင်းတွင် ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ၊  အသင်းအဖွဲ့များ ၊ NGO ၊ CSO  အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ လုပ်ငန်းရှင်များ ၊ ရပ်မိရပ်ဖများ နိုင်ငံရေးပါတီများ ၊ ပြည်သူများ နှင့် တွေ့ဆုံခဲ့ကြပါသည်။

        တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ  ဇွန်လ(၃) ရက်နေ့ညနေပိုင်းတွင်   ကော့သောင်းမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာခန်းမတွင် ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။ 

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲရွှေရည်ခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများနှင့် တွေဆုံခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အမြန်ရေယာဉ်ကြီးကြပ် ထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူများက မြိတ်မြို့သို့သွားရောက်မည့်  ရေယာဉ်လိုက်ပါစီးနှင်း မည့်ခရီးသည် (၂၀၀)ဦးတို့အား ကျွန်းစုမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဆိပ်ခံတံတား၌ ညနေ့(၃)နာရီ အချိန်တွင် ရေကြောင်းအန္တရာယ်ကင်းရှင်းရေးလိုက်နာရန်ကြေညာချက် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ မှုခင်းကျဆင်းရေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တူးမီးသေနတ်အပ်နှင်းပွဲကို ဇွန်လ ၃ ရက်နေ့ နေလယ် (၁) နာရီတွင် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

Pages