Follow Us

June 2019 Archive News

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အခမ်းအနားကို (၁၂.၆.၂၀၁၉) နံနက် (၁၀:၀၀)နာရီအချိန်တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)တွင် နေပြည်တော်စည်ပင်ဘဏ်လီမိတက်မှ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ် မှုအောက်ရှိ စီမံကိန်းလုပ်ငန်းများတွင် တင်ဒါအောင်မြင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီ များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ထားဝယ်မြို့၊ ဈေးကြီးများရှိ ဆိုင်ခန်းရှင်များအပေါ် ချေးငွေများထုတ်ချေးပေးနိုင်ရေးအတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝ

ဇွန်လ(၁၂)ရက်နေ့တွင် ကျရောက်သော ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာနတွင် ဇွန်လ (၁၂)ရက် နံနက်(၁၀)နာရီ၌ “ ကလေးများသည် အနာဂတ်အိပ်မက်များမက်နေရန်ဖြစ်ပြီး လုပ်ငန်းခွင် ဝင်ရောက်ရန်မဟုတ်ပါ” ဆောင်ပုဒ်ဖြင့် ကလေးသူငယ်နှင့်သက်ဆိုင်သော ဥပဒေများကို စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်များနှင့် အလုပ်ဌာနများမှ တာဝန်ရှိသူများအား ပညာပေးဟောပြောခဲ့ပါသည်။

၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၁.၆.၂၀၁၉) ညနေ (၃)နာရီအချိန်တွင် ထားဝယ်မြို့ ၊ တိုင်းဒေသကြီး အားကစားကွင်း၌  ကျင်းပခဲ့ပါသည်။

ယနေ့ နံနက် (၉)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ စုပေါင်းရုံး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဘဏ္ဍာရေး နှင့် ငွေစာရင်းလုပ်ငန်းမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊  တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များ၊ သင်တန်းပို့ချမည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ တက်ရောက် ခဲ့ကြပါသည်။

ယနေ့ မွန်းလွဲ (၂) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေးအမှတ်စဉ်  (၁/၂၀၁၉) အစည်းအဝေးကိုကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မောင်၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးလှထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

JICA (TSL) Credit Appraisal သင်တန်းဖွင့်ပွဲ အခမ်းအနားကို (၁၀.၆.၂၀၁၉)ရက်နေ့  ညနေ(၃) နာရီ အချိန်တွင် ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ မွန်းလွဲ (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာ ရေးမှူး၊ မြို့နယ်ပညာရေးမှူး တို့နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်ပညာရေးမှူး နှင့်  မြို့နယ်ပညာရေးမှူးတို့ တက်ရောက်ခဲ့ကြပါသည်။

(၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်၊ တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်(၂၂)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို  ဇွန်လ ၈ ရက် နံနက် ၈ နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် ထားဝယ် ကွန်ပျူတာတက္ကသိုလ်တို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အ‌သေးစားလုပ်‌ငန်းများ‌ပေါ်ထွက်‌လာ‌ရေး ပံ့ပိုးမှုအစီအစဉ်‌ Business Start Up Campaign (ပေါင်းစုအား) ဖွင့်ပွဲအခမ်းအနားကို ဇွန်‌လ (၈)ရက်‌ နံနက် ၉ နာရီအချိန်တွင် ထားဝယ်‌မြို့၊ ကမ်းနားလမ်းရှိ DDPC Royal Palace Hall ခန်းမ၌ ကျင်းပခဲ့ပါသည်။

Pages