Follow Us

June 2019 Archive News

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြိတ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ဇွန်လ(၁၆)ရက်နေ့တွင် စလွန်းကျေးရွာအုပ်စုနှင့် ကဟန်းကျေးရွာအုပ်စုသို့ ကွင်းဆင်း၍ ဒေသခံပြည်သူ များနှင့် တွေ့ဆုံခဲ့ပါသည်။

ယနေ့ နံနက်(၇)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့် ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ သည် အထက(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အထက(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် သန့်ရှင်းသန့်ရပ်သော ပတ်ဝန်းကျင်ရှိစေရေးနှင့် ခြင်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးဦးစီးဌာန ၊မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ရှိဝန်ထမ်းများ  နှင့် တပ်ဖွဲ့ဝင် များ၏ ပြည်သူအကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆော

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေးဟောပြောပွဲကို (၁၄.၆.၂၀၁၉) နံနက် (၁၁)နာရီအချိန်တွင်  အ.လ.က(ခွဲ) (မီးလောင်ချောင်း) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောနည်းဥပဒေ(မူကြမ်း)အား အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေး ခြင်းနှင့်အကြံပြုချက်များရယူခြင်းဆိုင်ရာဆွေးနွေးပွဲကို (၁၄.၆.၂၀၁၉) နံနက် (၈:၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ ညနေ (၃)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ စုပေါင်းရုံး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ဘဏ္ဍာရေး နှင့် ငွေစာရင်းလုပ်ငန်းမွမ်းမံသင်တန်း ပိတ်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးကိုယ်စား ညွှန်ကြားရေးမှူး ဦးမြတ်ယု၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်  သင်တန်းသား/ သူများ တက်ရောက် ခဲ့ကြပါသည်။

ယနေ့ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ (၁)၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တို့သည် ထိုင်းနိုင်ငံ၊ ရတ်ချဘူရီခရိုင်၊ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Veerat Prasetto ၊ ခရိုင်ကုန်သည်ကြီးများအသင်း၏ ဥက္ကဋ္ဌ Mr. Komon Tuntivoranukul နှင့် အကြံပေး Mr.

ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၅/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏(၅/၂၀၁၉)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဉက္ကဋ္ဌ၊ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်က

ယနေ့ နံနက်(၈:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံး မြို့နယ်၊ ထားဝယ်တက္ကသိုလ်တွင် Smoke Free University ဆိုင်းဘုတ် စက်ခလုတ်နှိပ်ဖွင့်လှစ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ တောင်သူလယ်သမားများအား ထိုင်းနိုင်ငံ nature venture နှင့် မြန်မာနိုင်ငံ Crown Co.Ltd တို့မှ  မြေချဉ်ပြုပြင်ဆေးရည် အခမဲ့ဖြန်ဝေပေးအပ်ပွဲ အခမ်းအနားကို  (၁၂.၆.၂၀၁၉) နေ့လယ်(၁)နာရီအချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

Pages