Follow Us

June 2019 Archive News

ယနေ့ နံနက်(၉:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများ၊ ဝန်ထမ်းသားသမီးများအား ၂၀၁၉-၂၀၂၀ ခု၊ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဥမ္မာအောင်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် ဝန်ထမ်း မိသားစုများ တက

ယနေ့ ညနေ (၃)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုသော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် KNU အဖွဲ့ နှစ်ဦးနှစ်ဖက်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူ;နှင့် KNU အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ (၁၉.၇.၂၀၁၉) ရက်နေ့တွင်ကျရောက်မည့်  (၇၂) နှစ်မြောက်အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊  တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ အာဇာနည်နေ့ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ မှ အဖွဲ့ဝင်များ  တက်ရောက်ခဲ့ကြပါသည်။

တနင်္သာရီတိုင်းဒေသကြီးသည် ပူအိုက်စိုစွတ်သော ရာသီဥတုရှိသည့်အတွက် ခြင်ပေါက်ပွား မှုများပြီး ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ အဖြစ်များပါသည်။ ခြင်မှတစ်ဆင့် ကူးစက် ဖြစ်ပွားတတ်သောရောဂါများအနေဖြင့် ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ၊ ဆင်ခြေထောက်ရောဂါများ ဖြစ်ပွားလျက်ရှိပါသည်။

              တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါများ အဖြစ်များလျက်ရှိနေပြီး ၎င်းရောဂါများသည် Aedes ခြင်ကျားမှတစ်ဆင့် ကူးစက်တတ် ပါသည်။

ယနေ့ မွန်းလွဲ(၂)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၁/၂၀၁၉) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO ၊ INGOအဖွဲ့အစည်းများ၊ ကော်မတီဝင်များ တက်ရောက် ခဲ့ကြပါသည်။

 တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော “လူငယ်နှင့်မူးယစ်ဆေး”ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို (၁၉.၆.၂၀၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ထားဝယ်မြို့၊ အထက(၁) ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးဆောင်လျက် သဘာ၀ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက်ရည်ရွယ်၍ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၁၉.၆.၂၀၁၉)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ကမြောကင်း ကျေးရွာ၊ ထားဝယ်တက္ကသိုလ်ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကလေးသူငယ်အခွင့်ရေးများဆိုင်ရာ ကော်မတီနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၈.၆.၂၀၁၉)ရက်နေ့ နံနက်(၉)နာရီ အချိန်တွင် ထားဝယ်မြို့ Diamond Crown ဟိုတယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယနေ့ နံနက် (၈)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နှမ်းကြဲကျေးရွာအုပ်စု၊ မြန်မာရှင်ထဘီကြေးတိုင်ပြင်ကွင်းအတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များအား လုပ်ကိုင်ခွင့်လျှောက်ထားသည့် နှမ်းကြဲကျေးရွာ၊ ကျေးဇူးတော်ကျေးရွာနှင့် ဟိန္ဇဲ ကျေးရွာ တို့ရှိ ဒေသနေတောင်သူ (၃၆)ဦး တို့အား မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း လုပ်ပိုင်ခွင့်ပြု လက်မှတ်ကို တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်းထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးနှင့် တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျ

ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ပြန်လည် ဖွဲ့စည်းနိုင်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

Pages