Follow Us

June 2019 Archive News

ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော ၂၀၁၉ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ် ပေါင်းစုံ အသက်(၂၅)နှစ်အောက် လက်ဝှေ့ပြိုင်ပွဲကျင်းပရေး ညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည့် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာလုပ်ငန်း စီမံချက်သင်တန်းဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင

ယနေ့ နေ့လယ် (၁၁:၄၅) နာရီ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၂)၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအတွင်း လူဦးရေစာရင်းကောက်ယူပြုစု ခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူးများဖြစ်ကြသော ဦးမြတ်ယု နှင့် ဦးမိုးဇော်လတ်၊ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာတိ

ယနေ့ နေ့လယ်(၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ၌  တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းဆောင်ရွက်ချက်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၉) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များ ဖြစ်ကြသော သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ ပါသည်။

ယနေ့ နေ့လယ် (၂:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သော တနင်္သာရီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် အထောက်အကူပြုနိုင်ရေးအတွက် BUSINESS FINLAND , Myanmar ၏အစီအစဉ်ဖြင့် Finland နိုင်ငံ  Wartsila Corporation မှ ထုတ်လုပ်သည့် Crude Oil, HFO, DieseL& Natural Gas သုံး ဓာတ်အားပေးစက်များနှင့် ပတ်သက်၍ လာရောက်ရှင်းလင်းတင်ပြသည့်အခမ်းအနားကို တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဉီးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တနင်္သာရီ

ယနေ့ နံနက်(၉)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO၊ INGO အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ပါသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် (၁၀:၀၀)နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူသတင်းမီဒီယာ (၂၇)ဦးတို့ တက်ရောက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်‌ေ၀ နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့က ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၂၅.၆.၂၀၁၉)ရက်နေ့၊ မွန်းလွဲ (၃)နာရီ တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားကွင်း၌ ကျင်းပခဲ့ပါသည်။

ယနေ့ နေ့လယ် (၂)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ  တက်ရောက်ခဲ့ကြပါသည်။

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ယနေ့နံနက် ၁၀:၀၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဦးသိန်းထွန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ လေ့လာသူ သတင်းမီဒီယာ (၂၇)ဦး တို့တက်ရောက်ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေ နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်

Pages