Follow Us

May 2019 Archive News

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ မေလ(၁၉)ရက် နံနက်ပိုင်းက ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မဇောပြင်ကြီးကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲမှုမရှိခြင်း၊ ဖမ်းဆီးရမိမှုမရှိခြင်း၊ ရောင်းဝယ်ဖောက်ကားမှုမရှိခြင်းနှင့် ကျေးရွာပြည်သူများမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် မေလ(၁၉)ရက် နံနက်ပိုင်းတွင် မူးယစ်ကင်းစင်နယ်မြေအဖြစ် ဆိုင်းဘုတ်စိုက်ထူခဲ့ကြောင်း သိရှိရပါသည်။ 

ယနေ့ ညနေ(၄:၀၀)နာရီအချိန်တွင် ထားဝယ်မြို့ကျက်သရေဆောင် လောကမာရဇိန် ဘုရားကြီးဝင်းအတွင်း ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကို  မဟာဗောဓိ ညောင်ပင်၌ ကျင်းပရာ ရှေးဦးစွာတက်ရောက်လာသူများက မဟာဗောဓိဒုမေနထောဂါထာရွတ်ဆို၍ အခမ်း အနားအား ဖွင့်လှစ်ခဲ့သည်။

ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန်  ရှင်းလင်းဆောင်၌ SEZ မှ မြန်မာ-ထိုင်းနယ်စပ် ထီးခီးအထိ အဆင့်မြှင့်တင်ဖောက်လုပ်မည့် (၂)လမ်းသွား ကားလမ်း စီမံကိန်းနှင့် ပတ်သက်ပြီး လူထုတွေ့ဆုံပွဲအခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ ၊ Neighbouring Countries Economic Development Cooperetion Agency (NEDA) မှ တာဝန်ရှိသူများ အရပ်ဘက်အဖွဲ့အစည်းများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တေ

ယနေ့နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် ရေဖြူမြို့နယ်၊ အောင်သာဝတီခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေ

ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် လောင်းလုံးမြို့နယ်၊ ဗထူးခန်းမ၌ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာစကားပြောကြားရာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့သည်  နိုင်ငံတော်၏မူဝါဒ(၃)

ယနေ့နေ့လယ် ၁၄:၀၀ နာရီအချိန်တွင် သရက်ချောင်းမြို့နယ်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေမျ

ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ထားဝယ်မြို့ ၊ မြို့တော်ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တာဝန်ယူသည့်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် အခြေအနေ ပေါ်မူတည်၍ ဒေသခံပြည်သူများ၏ အကြုံပြုခ

(၁၄.၅.၂၀၁၉)ရက်နေ့ ညနေ (၁၇:၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ Business Finland အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြသည့် အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်၊ Business Finland အဖွဲ့မှ Mr. Kai Tuorila နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ယနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် ၊ ကမ်းနားလမ်းရှိ DDPC Shopping Centre Royal Palace ခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး MSME Action Plan ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊  ဗဟို MSME Agency ဥက္ကဋ္ဌ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြိီး ဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးအောင်ထူး၊ တိုင်းဒေသကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ ၊ တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို၊ MSME လုပ်ငန်းသုံးသပ်မှုနှင့် အစီရင်

Pages