Follow Us

April 2019 Archive News

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်  အစည်းအဝေး(ပထမနေ့) ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  ဦးခင်မောင်အေး ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး၊ တပ်မတော်သားတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူသတင်းမီဒီယာ(၂၂)ဦးတို့တက်ရောက်ခဲ့ပြီး အခမ်းအနားမှူး အဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်ဝေနှင့် ညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးခိုင် တို့ကဆောင်ရွက် ခဲ့ပါသည်။

(၇.၄.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန်တွင်  တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ “ အရည်အသွေးပြည့်ကျန်းမာရေး လူတိုင်းရအောင်ဆောင်ရွက်ပေး” ဆောင်ပုဒ်နှင့် အညီ ၂၀၁၉ ခုနှစ် ၊ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား သို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက်(၀၈၁၅) နာရီအချိန်တွင် ထားဝယ်တက္ကသိုလ်တွင် ချုံနွယ်များမှ တစ်ဆင့် မီးဘေးအန္တရာယ်မရှိစေရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊    ဆရာ/ဆရာမများနှင့်   ရုံးဝန်ထမ်းများမှ ပူးပေါင်း၍ ပြည်သူ့အခြေပြုစုပေါင်းသန့်ရှင်းရေးဖြင့် အမှိုက်များ၊ ချုံနွယ်များအား ရှင်းလင်းဆောင်ရွက်ခဲ့ပါသည်။ ၎င်းနေရာသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရ

ယနေ့ နံနက်(၀၇၃၀) နာရီအချိန်တွင် ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်၊ မြို့ပတ်လမ်းရှိ ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့ရုံး၌ ဇမ္ဗူသီရိ(အခမဲ့) ဆေးခန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ဇမ္ဗူသီရိအရေးပေါ်လူနာ(အခမဲ့)ကူညီသယ်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖအလှူရှင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ ကြသည်။

(၃.၄.၂၀၁၉)ရက်နေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပပြုလုပ်သည့် ၂၀၁၉ခုနှစ်အတွင်း ဆောင်ရွက်မည့် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှုလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာ စီမံကိန်း မန်နေဂျာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိလာသော ဗီယက်နိုင်ငံ ဗီယက်နမ်ပြည်သူ့ ရေတပ် ဖရီးဂိတ် စစ်ရေယာဉ်အမှတ်(012) ၊ Ly Thai To မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Senior Captain Nguyen Congson နှင့် စစ်ရေယာဉ်မှူး Lieutenant Commander Do Hai Long တို့ ဦးဆောင်သော ဗီယက်နမ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အား ဧပြီလ(၃)ရက် နေ့လယ်(၁၃၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျ နှင့် ဒေသဆိုင်ရာဌာနဆိုင်ရာများမှ မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေး ခန်းမ၌ တွေ့ဆုံခဲ့သည်။

ယနေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတနှင့်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လျှပ်စစ် နှင့်စွမ်းအင် ဝန်ကြီး ဦးအောင်သူရ၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလုကာ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ပေါင်းစုံမှ အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ယနေ့ မွန်းလွဲ(၁၄၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း ( MSDP )နှင့်စီမံကိန်းဘဏ်( Project Bank )ဆိုင်ရာ ရှင်းလင်းပွဲကျင်းပြုလုပ်ခဲ့ရာ ရှင်းလင်းပွဲသို့ တနင်္သာတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီးအစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ (ထားဝယ်ခရိုင်) တွေ့ဆုံပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်၌ ထားဝယ်အထူးစီးပွားရေးဇုန် ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပွဲ အခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာအထူးစီးပွားရေးဇုန်ဗဟိုကော်မတီ ဒုတိယဉက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ကော်မတီအဖွဲ့ဝင

Pages