Follow Us

April 2019 Archive News

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကောသောင်းမြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ်ရှိ လန်ပိအဏ္ဏဝါအမျိုးသားဉယျာဉ်အား သစ်တောရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ (၂၀.၈.၁၉၉၆) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၄၀/၉၆) အရဧရိယာ (၅၀၆၁၇.၆)ဧကဖြင့် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၃ခုနှစ်တွင် သစ်တောနယ်မြေနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း နှစ်ကာလ အတိုင်း အတာတစ်ခုအထိ ကျူးကျော်နေထိုင်သူများအား စာရင်းကောက်ယူခဲ့ပြီး ရွာမြေ၊ လယ်မြေ၊ အများပိုင်/ သာသနာမြေများအား ပယ်ဖျက်ပေးခဲ့ရပြီး ကော့သောင်းမြို့နယ် လန်ပိအဏ္ဏဝါ အမျိုးသားဉယျာဉ်အတွင်းရှိ မကြုံဂလက်ကျေးရွာ၏ ရွာမြေ (၅၉.၈၇)ဧကအား ပတ်ဝန်း

နိုင်ငံတော်သမ္မတရုံး၏  ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြန်မာနှစ်သစ်ကူးအခါ သမယ အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့် လူသားချင်း စာနာထောက်ထားမှု ကို အလေးထားသောအားဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ(၄၀၁) ပုဒ်မခွဲ(၁)အရ ဧပြီလ(၁၇)ရက်တွင် မြိတ်မြို့ရှိ မြိတ်အကျဉ်းထောင်နှင့်  ကျောက်ဖြူတောင် ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ စုစုပေါင်း(၂၆၅)ဦး လွတ်ပေး ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က  ကြီးမှူးကျင်းပသည့် ၁၃၈၁ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက် အန ္တရာယ် ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယနေ ညနေ ၁၆း၀၀ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့်အမျိုးသား ၆၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၆၉ ဦးကို  ယနေ့မွန်းလွဲ ၁၄း၀၀ နာရီအချိန်က ထားဝယ်အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပါသည်။
ထို့နောက် ထားဝယ်အကျဉ်းထောင်အပြင်ဘက် တံခါးအဝင်ဝတွင် မိဘ၊ ညီအစ်ကို မောင်နှမများ၊ ဆွေးမျိုးသားချင်းများက လွတ်ငြိမ်းသက်သာခွင့် ရရှိသူများကို ဝမ်းပန်းတသာဖြင့် လာရောက် ကြိုဆိုလျက်ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၁ ခုနှစ်၊  မြန်မာနှစ်ဆန်း (၁)ရက် ဇီဝိတဒါန ငါးလွှတ်ပွဲကို ယနေ့နံနက် ဝ၇:၀၀ နာရီ၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ဆိပ်ကမ်းသာဘောတံတား၌ ကျင်းပသည်။

မြန်မာသက္ကရာဇ် ၁၃၈၀ပြည့်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ(၁၆)ရက်နေ့ နံနက်(၀၈:၄၅)နာရီ၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရေဖြူမြို့နယ်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ကပြဖျော်ဖြေနေသည့် ယိမ်းအကဖွဲ့များနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီးနောက် နံနက် (၁၀:၀၀)နာရီတွင်

မြန်မာသက္ကရာဇ် ၁၃၈၀ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင် မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ(၁၅)ရက်နေ့ နံနက်(၀၈:၀၀)နာရီ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိ

မြန်မာသက္ကရာဇ် ၁၃၈၀ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်မဏ္ဍပ်ကို ဧပြီလ(၁၄)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ၊ သံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေး၊  လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၁၃၈၀)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသြင်္ကန်ပွဲတော်ကို သြင်္ကန်အကြိုနေ့ နံနက်ပိုင်းမှစ၍ သြင်္ကန်ချစ်သောပြည်သူများမှ သြင်္ကန်ပွဲတော်ကို  အေးချမ်းပျော်ရွင်စွာဖြင့် နွဲပျော်လျက်ရှိကြသည်။ 
မြိတ်မြို့ မြန်မာ့ရိုးရာမဟာသြင်္ကန်ဗဟိုမဏ္ဍပ်ကို သြင်္ကန်အကြိုနေ့ ဧပြီလ(၁၃)ရက် ညနေ(၄) နာရီက သြင်္ကန်ချစ်သူပြည်သူများ၊ ယိမ်းအကအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများက  စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုပွဲတော်ဖြစ်သော ၁၃၈၀ ခုနှစ်၊ မဟာသင်္ကြန်ဖွင့်ပွဲအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ယနေ့ ညနေ ၁၇၀၀ နာရီတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်သင်္ကြန်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ နေရာယူပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင် က ၁၃၈၀ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဖွင့်ပွဲ မင်္ဂလာအခါတော်ကြား စာတမ်းအား ဖတ်ကြားခဲ့ပါသည်။

Pages