Follow Us

April 2019 Archive News

ယနေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ ဧည့်ခန်းမ (၁)၌၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့သည် ရန်ကုန်မြို့ အခြေစိုက် အမေရိကန်သံရုံးရှိ သံအမတ်ကြီး H.E  Mr. Scot Marciel နှင့်အဖွဲ့အား လက်ခံ တွေ့ဆုံပြီး  နှစ်နိုင်ငံဆက်ဆံရေးကိစ္စများအပြင်၊ တနင်္သာရီတိုင်းဒေသကြီး၏ နိုင်ငံရေး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ ပါသည်။ 

လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ ဆိုင်းဘုတ်ကို ယနေ့နံနက် ၀၈:၀၀ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိ ရင်ပြင်ပတ်လမ်း၊ ကွန်ပျူတာတက္ကသိုလ်နံဘေး၌ စိုက်ထူ၍ ဖွင့်လှစ်ခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစဉ်ထာဝရငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်လျက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးဆောင်၍ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ/သားများ စုပေါင်းအင်အားဖြင့် တည်ထားကိုးကွယ်လျက်ရှိသော ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ် ၊ ကံ့ကော်ပန်းအဝိုင်းနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်၏ ရွှေထီးတော် ၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ ရင်ငွေ့တော်လှုံအပူဇော်ခံထားရှိသည့် လောကမာရဇိန်ဘုရားကြီးဓမ္မာရုံတော်၌ ယနေ့နံနက် ၀၅:၀၀ နာရီ က သံဃာ့တော်အရှင်သူမြတ် များသည် ရွှေထီးတော် ၊ ရွှေငှက်မြတ်နားတော် ၊ ရတနာစိန

ယနေ့ မွန်းလွဲ (၁၂:၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့သည် ထားဝယ်မြို့နယ်မှ ထွက်ခွာပြီး ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်အား ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊  မိကျောင်းလှောင်းကျေးရွာသို့ သွားရောက်ကြိုဆိုပင့်ဆောင်ခဲ့ပြီး ထားဝယ်မြို့သို့ ထွက်ခွာလာရာ စကျင်ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင် လာသည့် လမ်းတလျှောက်၌ ဒေသခံပြည်သူများက

ယနေ့ နံနက် (၀၅:၃၅)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ထားဝယ်မြို့နယ်၊ ကျောက်မော်ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် တဝဂူဘုရားတွင် စိန်ဖူးတော်နှင့် ထီးတော်တင်လှူပူဇော်ပွဲသို့ သွားရောက်ပြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကန်တော့ပြီး နံနက် (၀၅:၅၄)နာရီအချိန်တွင် ထားဝယ်မြို့နယ်မှ ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာသို့ ထွက်ခွာခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်၊ မြိတ်လမ်းတွင် တည်ထား ကိုးကွယ်သော ရှေးဟောင်းသမိုင်းဝင် တဝဂူစေတီတော်၊ ရတနာစိန်ဖူးတော်နှင့် ထီးတော်တင် လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ဝရး၃၀ နာရီ က တဝဂူဘုရားပုရဝဏ်၌ကျင်းပသည်။
ရှေးဦးစွာဆရာတော်သံဃာတော် အရှင်သူမြတ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် နှင့် ဇနီ၊ စေတနာရှင် အလှူရှင်များက ရတနာစိန်ဖူးတော်နှင့် ထီးတော်အား တဝဂူစေတီတော် အထွဋ်ပေါ်သို့ တင်လှူပူဇော်ပြီး သံဃာတော်အရှင်သူမြတ်များက ဘုရားအနေကဇာတင် ပါဋ္ဌိတော်ရွက်ဆို ပူဇော်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစဉ်ထာဝရငြိမ်းချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်လျက်  နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံသူ/ သားများ စုပေါင်းအင်အားဖြင့် တည်ထား ကိုးကွယ်လျက်ရှိသော ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ကံ့ကော်ပန်း အဝိုင်းနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် အမြင့် ၆ ပေ ၊ အကျယ် ၅ ပေ ရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်(၂)ဆူနှင့် ရွှေထီးတော်၊ ရွှေငှက်မြက်နားတော်၊ ရတနာစိန်ဖူးတော် များတို့သည် ဧပြီ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့သို့ ဒေသစာရီလှည့်လည် ကြွချီ  အပူဇော်ခံမည်ဖြစ်ကြောင်း သိရ

ယနေ့ နံနက် (၁၀၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓ ရုပ်ပွားတော်၊ ရွှေထီးတော်၊ ရွှေငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များ ဒေသစာရီကြွချီနိုင်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေ

Pages