Follow Us

March 2019 Archive News

ယနေ့ နံနက်(၀၆၃၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ကညုံရပ်ကွက်၊ ရတနာမာရ်အောင်လမ်းရှိ မြေတိုက်ကျောင်းတိုက်၌ “ကျောင်းတိုင်ထူ” မင်္ဂလာအခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားသို့  တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ဲပြီး ဆရာတော် ကြီးများ၏ သြဝါဒစကားများကို နာယူခဲ့ပါသည်။

( ၁၆.၃.၂၀၁၉ )ရက်နေ့ နေ့လယ်(၁၃၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်၌ တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ ငါးလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊  ဌာနဆိုင်ရာတာဝန်ရှိသူများ ၊  ထားဝယ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ကျော်သက် ၊ ဒေသခံငါးလုပ်ငန်းရှင်များနှင့်ရေလုပ်သားများ ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ဲကြသည်။

ယနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၂၀၁၉ခုနှစ် (၁၃၈၀)ပြည့်နှစ် တနင်္သာရီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသြင်္ကန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လုပ်ငန်းကော်မတီများမှ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

(၁၅.၃.၂၀၁၉)ရက်နေ့ နံနက်(၀၉၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ MPT ၏ ( ၇ )ကြိမ်မြောက် နှလုံးသားထဲက မြန်မာနိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် တက်ရောက်ခဲ့ပြီး MPT မှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

(၁၅.၃.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းအစည်းအဝေးခန်းမ၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်၊ ဂဟေ၊ မော်တော်ယာဉ်၊ စက်ပြင်နှင့်လက်ကိုင်ဖုန်းပြင်သင်တန်း အမှတ်စဉ် ( ၁၀ / ၂၀၁၈ ) သင်တန်းဆင်းပွဲအခမ်းအနား  ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပည

(၁၄.၃.၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး လူမှုရေးနှင့်စည်ပင် သာယာရေးဝန်ကြီးရုံးခန်း၌ ရွှေကျောင်းကြီးဘုန်းတော်ကြီးကျောင်း ရှေးမူမပျက်ပြုပြင်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ရွှေကျောင်းကြီးဘုန်းတော်ကြီးကျောင်း ရှေးမူမပျက်ပြုပြင်ထိန်းသိမ်း ရေးကော်မတီဝင်များ တက်ရောက်ခဲ့သည်။
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြန်မာ့သစ်လုပ်ငန်း၊ ဒုတိယအထွေထွေမန်နေဂျာရုံးခန်း၌ ဒေသတွင်းအိတ်ဖွင့်လေလံအမှတ်စဉ် ၈/၂၀၁၈ -၂၀၁၉  လေလံတင် ရောင်းချခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးမြင့်မောင်၊ မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် လေလံဆွဲမည့်သူများ တက်ရောက်ခဲ့ဲသည်။
ယနေ့ နံနက်(၀၉၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီး ဌာနရုံး၌ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန တို့ ပူးပေါင်းဖွင့်လှစ်သည့် အဆင့်မြင့်ပြေးခုန်ပစ်နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်၊ မြန်မာနိုင်ငံပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ဲသည်။
ယနေ့ နံနက်(၀၇၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မဟာဓမ္မာရုံတော်ကြီး ဆောက်လုပ်မည့် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာဝင်း အတွင်း၌ (၁၀၀ိ/-)အသင်း၏ဦးဆောင်မှုဖြင့် တစ်ရက်လျှင် အလှူတော်ငွေ(၁၀၀ိ/-)ဖြင့် ပါဝင်လှူဒါန်းနေကြသော စေတနာကုသိုလ်ရှင်များ ၊ မတည်အလှူရှင်များနှင့် သီတဂူအကျိုးတော်ဆောင်များ စုပေါင်း၍(၁၀၀ိ/-)အသင်းဓမ္မာရုံတော်(၇)နိဗ္ဗာနဝဟဒီပ မဟာဓမ္မာရုံတော်ကြီး အုတ်မြစ်တော်စီ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီ

Pages