Follow Us

March 2019 Archive News

(၂၇.၃.၂၀၁၉)ရက်နေ့ နံနက်(၀၈၀၀)နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ် တိုင်းအားကစားကွင်း၌ (၇၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များ၊ ၎င်းတို့၏မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။

ယနေ့ နံနက်(၁၀၀၀)နာရီ အချိန်တွင် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)(တတိယနေ့)ကို ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူ သတင်းမီဒီယာ(၂၀)ဦးတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့က ဆောင်ရွက်ခဲ့သည်
ယနေ့ နံနက် (၀၉၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ ဟိုတယ်ထားဝယ်၌ ANRPC( Association of Natural Rubber Producing countries) Workshop on Supply , Demand and Modelling of Natural Rubber Industry အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ရာ ဆွေးနွေးပွဲသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစောလုကာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများ၊ ANRPC မှ တာဝန်ရှိသူများ၊ ပြည်တွင်းပညာရှင်များ၊ ကမ္ဘောဒီးယား၊တရုတ် အပါအဝင် နိုင

ယနေ့ နံနက်( ၁၀၄၅ )နာရီအချိန်တွင် တနင်္သၤာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၌ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝယ်ယူထားသော ရေ(၂၈၀၀)ဂါလန်ဆံ့နှင့် အမြှုပ်ဆေး(၉၀၀)ဂါလန်ဆံ့ဘက်စုံသုံးမီးသတ်ယာဉ် စမ်းသပ် အသုံးပြုမှုကို သွားရောက်ကြည့်ရှုခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က လက်ရှိနွေရာသီတွင် ရေအလုံအလောက်မရှိ သောနေရာများသို့လည်း ၎င်းယာဉ်ဖြင့် ရေပေးဝေအသုံးပြုနိုင်ရေးဆောင်ရွက်ပေးနိုင်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။ 

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၉)(ဒုတိယနေ့)ကို ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး၊ တပ်မတော်သား  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊ လေ့လာသူ သတင်းမီဒီယာ(၁၇)ဦးတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့်ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့က ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်‌း‌ဒေသကြီး  အားကစားနှင်‌့ ကာယပညာဦးစီးဌာနနှင်‌့ အ‌ခြေခံပညာဦးစီးဌာနသို့ ပူး‌ပေါင်‌း၍ ၂၀၁၉ ခုနှစ်‌ ‌နွေရာသီအားကစားသင်တန်‌းဆင်းပွဲ အခမ်‌းအနားကို နံနက် ၀၈၀၀ နာရီ အချိန် တွင် ထားဝယ်မြို့ ၊ ရှမ္မလည်ဆွဲရပ် ၊ မိုးလုံလေလုံအားကစားခန်‌းမ၌ ကျင်းပသည်။ 

ယနေ့ မွန်းလွဲ(၁၅၃၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပေါင်းစုံအမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်နှင့် ကော်မတီဝင် များ  တက်ရောက်ခဲ့ဲသည်။

ယနေ့ နေ့လည်(၁၄၀၀)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ၂၀၁၉ခုနှစ် (၁၃၈၀)ပြည့်နှစ် တနင်္သာရီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသြင်္ကန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီများမှ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပါသည်။

ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး(၁/၂၀၁၉)(ပထမနေ့)ကို ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသ ကြီးခေတ္တဝန်ကြီးချုပ်ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ တပ်မတော်သား  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၇)ဦး၊လေ့လာသူ သတင်းမီဒီယာ(၂၁)ဦးတို့ တက်ရောက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဝေနှင့်ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးမိုးထွန်း တို့က ဆောင်ရွက်ခဲ့သည်။

ယနေ့နံနက် (၀၈၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှကြီးမှူး၍ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်ရည်မှန်းပြီး ကလေးသူငယ်များအနာဂတ်တွင် လူမှုဂရုဏာ လုပ်ငန်းများဆောင်ရွက်လိုစိတ်မြင့်မားလာစေရန် ရည်ရွယ်၍ နွေရာသီကြက်ခြေနီလူငယ် လေ့ကျင့်ရေးစခန်းသွင်းသင်တန်းကို ဖွင့်လှစ်ခဲ့ရာ  ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

Pages