Follow Us

February 2019 Archive News

တနင်္သာတိုင်းဒေသကြီး မြိတ်မြို့တွင် ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး  ရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြိတ်မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းသို့ ရောက်ရှိကြသည်။

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ မွန်းလွဲ ၂ နာရီတွင် တနင်္သာရီ တိုင်းဒေသ ကြီး မြိတ်မြို့သို့ ရောက်ရှိကြသည်။

ယနေ့ နေ့လယ်( ၁၄၁၀ )နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင် တို့နှင့်အတူ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး (၇၂)ကြိမ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုခြင်း၊ အမျိုးသားခေါင်းဆောင်ကြီး ဖခင်ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အား ကြိုဆိုဂုဏ်ပြုခြင်းဖြင့် NLD အမျိုးသားကျန်းမာရေး ကွန်ယက်နယ်လှည့် ဆေးကုသရေးအဖွဲ့က ဆေးဝါးကုသစောင့်ရှောက

ယနေ့ နံနက်( ၀၇၀၀ )နာရီအချိန်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ညောင်ရမ်းတောင်ရပ်ကွက်၊ မြို့ပတ်လမ်း ရှိ ရွှေဝယ်သီရိ အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ KNU (မြိတ်၊ ထားဝယ်ခရိုင်)နှင့် မွန်

ယနေ့ နံနက်( ၀၇၀၀ )နာရီအချိန်တွင် သရက်ချောင်းမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မဈေးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ လူမှုရေးနှင့်စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင်၊ သရက်ချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုး၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဈေးသူဈေးသားများ တက်ရောက်ခဲ့ပါသည်။ 

ယနေ့ နံနက်( ၀၈၀၀ )နာရီအချိန်တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဈေးရောင်းပွဲတော်နှင့် ပဒေသာကပွဲအခမ်းအနားကို ထားဝယ်တက္ကသိုလ်၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ထားဝယ်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ 
ယနေ့ နံနက်( ၀၉၀၀ )နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC တို့မှ ပူးပေါင်း၍  အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒသစ်အား အစိုးရဌာနများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့   ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မူးယစ်ဗဟိုအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျွမ်းကျင် ပညာ

ယနေ့ နံနက်(၀၈၀၀)နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ တို့မှ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာရှိ ဒေသနေတောင်သူများမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ပိုင်ခွင့် လျှောက်ထားမှုများအပေါ် တောင်သူတစ်ဦးချင်းသို့ လုပ်ပိုင်ခွင့် ခွင့်ပြုမိန့်လက်မှတ်များ လက်ရောက်ကွင်းဆင်းပေးအပ်ခဲ့ကြောင်းနှင့် စုစုပေါင်းတောင်သူ(၉)ဦး၊ လုပ်ပိုင်ခွင့်ပြုလက်မှတ်(၉)စောင်၊ လုပ်ပိုင်

(၄.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၈-၂၀၁၉ခုနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် မိတ်ဆက်ရှင်းလင်းပွဲကို မြိတ်မြို့ Grand Jade Hotel တွင် ပြုလုပ်ခဲ့ပါသည်။

(၅.၂.၂၀၁၉)ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ၂၀၁၉ခုနှစ်၊ ( ၇၂ )နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Pages