Follow Us

January 2019 Archive News

( ၂၉.၁.၂၀၁၉ )ရက်နေ့၊ (၁၅၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်းအင်အား(၁၇၁)ဦး တက်ရောက်ခဲ့ပါသည်။

( ၂၉.၁.၂၀၁၉ )ရက်နေ့၊ (၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် အသုံးစရိတ်များ လျာထားတောင်းခံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ကျော်၊ တနင်္သာရီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်နှင့် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများ၏ ငွေထုတ်သူအရာရှိများနှင့် စာရင်းကိုင်များ

(၃၀.၁.၂၀၁၉)ရက်နေ့  (၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ HOTTA ELECTRIC Co.,Ltd , JAPAN မှ (22)KW LPG Generator (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ လူမှုရေးနှင့်စည်ပင်သာယာ ရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသ

တနင်္သာရီတိုင်းဒေသကြီး၌ ရောက်ရှိနေသည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့သည် ကော့သောင်းခရိုင်အတွင်း ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ 
(၂၇.၁.၂၀၁၉) ရက်နေ့ (၀၇၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ Myeik Public Corporation Ltd;ခန်းမ၌ နဝမအကြိမ်မြောက် MSMEs Products ဒေသတွင်း ပြပွဲနှင့်ပြိုင်ပွဲ ဆုပေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အသေးစား၊ အငယ်စ

(၂၅.၁.၂၀၁၉)ရက်နေ့ (၁၉၀၀) နာရီအချိန်တွင် မြိတ်မြို့၊ Grand Jade Hotel ၌ ကျေးဇူးရှင် အာစရိယဆရာတော်ကြီး အေစီဘ(က်)သီးဝေဒါးန်သ ဆွာမိ ရှရီလာပ်ရဘူးပါးဒ်( A C Bhaktivedanta Swami Prabhupada)တည်ထောင်ခဲ့သော International Society for Krishna Consciousness (ISKCON)အပြည်ပြည်ဆိုင်ရာ ကရိသျ်ဏ အနုဿတိအသင်း(အီ(စ်)ကောန်၏ မြန်မာနိုင်ငံအသင်းခွဲမှ  မှ ကြီးမှူးကျင်းပသည့် မေတ္တာဖြင့်ကြိုဆိုခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေ

(၂၆.၁.၂၀၁၉)ရက်နေ့ (၁၀၅၀)အချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် သည်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ၊ တိုင်း/ ခရိုင်/မြို့နယ်၊ မြို့ ဌာနဆိုင်ရာများလိုက်ပါလျက် မောတောင်မြို့၊ နယ်စပ် ဝင်/ထွက် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိ၍ စစ်ဆေးရေးဂိတ် တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မိမိတို့ဌာနဆိုင်ရာများအနေဖြင့် အချင်းချင်းညီညွှတ်စွာ လုပ်ငန်းများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်၊ နှစ်ဖက် နိုင်ငံ ဝင်/ထွက် သွားလာနေသော ခရီးသွားဧည့်သည်မျ

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဗဟို MSMEs  အေဂျင်စီ နှင့် တိုင်းဒေသကြီး MSMEs  အေဂျင်စီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁၅:၀၀ နာရီတွင် မြိတ်မြို့၊ ပုလဲသန္တာဟိုတယ်၌ကျင်းပသည်။

(၂၅.၁.၂၀၁၉)ရက်နေ့ နံနက်(၀၉၄၅)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က Myeik Shopping Center ဝင်းအတွင်း၌ ခင်းကျင်းပြသထားသော နဝမ အကြိမ်မြောက်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဒေသထွက်ကုန်ပစ္စည်း ပြခန်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

ယနေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ Myeik Public Corporation Ltd; ခန်းမ၌ နဝမအကြိမ်မြောက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)၏ ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို  ကျင်းပခဲ့ရာ အခမ်းအနားသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည

Pages