Follow Us

December 2018 Archive News

ထားဝယ်    ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၏ (၂၅)နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်(၀၉း၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီး ဦးမြင့်စန်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ သူနာပြုသင်တန်းကျောင်းအုပ်ကြီး ဒေါ်သင်းသင်းလှိုင် တို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

မြိတ်ခရိုင်၊ မြိတ်မြို့နယ်သို့ရောက်ရှိနေသော တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် အဖွဲ့ဝင်များသည် (၂၇.၁၂.၂၀၁၈)ရက်နေ့၊ နံနက်(၀၈း၅၀)နာရီအချိန်တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူလူထုများကို မြိတ်မြို့နယ်၊ ပုလဲရတနာခန်းမတွင် တွေ့ဆုံပွဲပြုလုပ်ခဲ့ပါသည်။
(၂၇.၁၂.၂၀၁၈)ရက်နေ့ နံနက်(၀၈း၃၅)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးကျော်ဇေယျ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်၊ စီမံကိန်းနှင်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း၊ ကရင်တိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တနင်္သာရီတိုင်းဒေသကြီးအစိုး ရအဖွဲ့ အတွင်းရေးမှူး၊ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသ

Pages