Follow Us

April 2018 Archive News

ထားဝယ်၊ ဧပြီ ၃၀ 
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်ထုတ်ပြန်ချက်အရ 
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ် ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့် အတင့်ဖြစ် ထွန်းနေပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ 
*****************************
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်းပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(၁)ကြိမ် ဖြစ် ပေါ်နိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် 

ထားဝယ်၊ ဧပြီ ၂၉

အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအခြေအနေ

          အနောက်တောင်မုတ်သုံလေသည် ၂၀၁၈ ခုနှစ်၊  ဇွန်လ ပထမရက်သတ္တပတ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံ လုံးသို့ ဝင်ရောက်ဖွယ်ရာရှိပြီး ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ပထမရက်သတ္တပတ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာရှိပါသည်။

မိုးဦးကာလခန့်မှန်းချက်

Pages