Follow Us

March 2018 Archive News

မြိတ် မတ် ၁၆
          ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာနေပြည်သူများ ကျေးရွာတွင်းသွားလာမှုအဆင်ပြေရေး၊ ကျေးရွာလမ်း များကောင်းမွန်ရေးဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ငွေကျပ်(၈၅)သန်းတန်ဖိုးရှိ မြင်းကောင်ရေ(95Hp)၊ LIUGONG (2017) Backhole ယာဉ်တစ်စီးကို ကျေးရွာရပ်မိရပ်ဖများထံ မတ်လ(၁၆)ရက်နေ့တွင် ပေးအပ်ခဲ့ပါသည်။

ထားဝယ် မတ် ၁၄
      ၂၀၁၈ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ ကနေဒါနိုင်ငံသံရုံးမှ သံအမတ်ကြီး HE. Mr. Karen MacArthurနှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများအား လာရောက်တွေ့ဆုံခဲ့ပါသည်။

ထားဝယ် မတ် ၁၃

          ၂၀၁၈ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်တွင် ရန်ကုန်မြို့၊ ချက်သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး HE. Mr. Jaroslay Dolecek နှင့် အဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား လာရောက်တွေ့ဆုံခဲ့ပါသည်။

Pages