Follow Us

March 2018 Archive News

ထားဝယ်  မတ်    ၂၃
     " တီဘီကင်းစင်ကမ္ဘာသို့၊ ခေါင်းဆောင်ကောင်းတွေ ရှေ့ဆောင်သို့၊ သမိုင်းမှတ်တမ်းတင်ကြစို့ " ဆောင်ပုဒ် နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါ တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ထားဝယ်မြို့၊ Diamond Crown ဟိုတယ်၌ ကျင်းပခဲ့ သည်။

ကော့သောင်း မတ်လ ၂၃
    ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြှင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၄၉)နှင့် အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ် (၇၈)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၂၃ ရက် နံနက် ၈ နာရီအချိန်တွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ  တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒေါက်တာလဲ့လဲ့မော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ 

ထားဝယ်  မတ်  ၂၂
         အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီ အားကစားသင်တန်းများဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၀၉း၀၀ နာရီ အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့၊  တိုင်းဒေသကြီးမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

ထားဝယ် မတ် ၂၀
၂၀၁၈ခုနှစ်၊ မတ်လ ၂၀ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် PTT Public Company Limited မှ နိုင်ငံခြားသားပညာရှင် Mr.KITSADA WONGKURUSTEANပါ(၁၇)ဦးနှင့်အဖွဲ့သည် တိုင်း ဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား လာရောက်တွေ့ဆုံခဲ့ပါသည်။

ထားဝယ် မတ် ၂၀
    ၂၀၁၈ခုနှစ်၊ မတ်လ ၂၀ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်၌ ၂၀၁၈ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဖလား၊ မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် ဘော်လီဘောပြိုင်ပွဲကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ထားဝယ်ခရိုင်အုပ်ချုပ်ရေး မှူးနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များတက်ရောက်ကြပါသည်။

ထားဝယ် မတ် ၂၀ 
      ထားဝယ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အသက်(၂၄)နှစ်အောက် လူသစ်တန်း အမျိုးသား/ အမျိုးသမီးဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀း၀၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော အမျိုးသားထားဝယ်အသင်းနှင့် လောင်းလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင် ကစားကြရာ ထားဝယ်အသင်းက အနိုင်ရရှိခဲ့ပါသည်။

ထားဝယ်  မတ်  ၂၀ 
     တနသာၤရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အစိုးရဓမ္မစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဆုနှင်းသဘင် အခမ်းအနားကို ယနေ့ နံနက် ၀၈း၃၀ နာရီတွင် ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တက်ရောက်လာကြသူများက နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဇေယျဝတီကျောင်းတိုက် စာချဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်မြတ်များထံမှ  ရွတ်ပွါးသဇ္ဈာယ်ချီးမြှင့်သော မေတ္တာသုတ်ပရိတ်တရားတော်များ ကို နာယူကြည်ညိုကြသည်။

Pages