Follow Us

July 2014 Archive News

(၂၉.၈.၂၀၁၆)ရက်နေ့ (၀၉၀၀)နာရီမှ (၀၉၄၀)နာရီအချိန်အထိ မြိတြ််မို့၊ မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် အဆင့်မြင့်အပ်ချုပ်သင်တန်းအမှတ်စဉ် (၄/၂၀၁၆)နှင့် အခြေခံအိမ်တွင်းမှုအမှတ်စဉ် (၇၃/ ၂၀၁၆)သင်တန်းဖွင့်ပွဲအခမ်းအနားသို့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဇော်လွင်နှင့် စီမံကိနန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းတို့ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၆ ခုနှစ်၊သြဂုတ်လ၊ ၃၀ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးးကြီးဇော်လွင်သည် ရေမြစ်ကြီးကျေးရွာအုပ်စု၊ ဇယော့ကျေးရွာ ဆိပ်ခံတံတားဆောက်လုပ်မှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂၀၁၆ ခုနှစ်၊ သြဂုတ်လ၊ ၃၀ရက် (၀၆း၃၀) အချိန်တွင် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးးကြီး ဇော်လွင်သည် ဒုံးညောင်းမှိုင်းကျေး ရွာ ရှိ မောကင်း(ဆလုံ)လူမျိုးများအား သွားရောက်ကြည့်ရှုကာ စားသောက်ဖွယ်ရာ များပေးဝေခဲ့ပါသည်။

          ၂၀၁၆ ခုနှစ်၊ သြဂုတ်လ(၃၁)ရက်နေ့ ညနေ(၄း၀၀) နာရီတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ကမ်းနားလမ်း၊ ပုလဲရတနာခန်းမရှေ့၌ ၂၁ ရာစုပင်လုံညီလာခံအား ထောက်ခံပွဲ အခမ်းအနားကို ဒေသခံပြည်သူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့  

 တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်သည့် ထားဝယ်မြို့တွင် ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲကို (၅.၉.၂၀၁၆)ရက်နေ့၊ နံနက်(၀၉၀၀) နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။